မြန်မာစာအဖွဲ့ဝင်များ


ဦးမြင့်ကြည်

 ဆရာကြီးဦးမြင့်ကြည်ကို ၁၉၃၁-ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်နေ့တွင် အဖ ဦးဖိုးချစ်၊ အမိ ဒေါ်သန်းတို့မှ မွေးဖွားခဲ့ပါသည်။ ပြည်မြို့ဇာတိဖြစ်သည်။ ၁၉၄၈-ခုနှစ်တွင် တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးနောက် ရန်ကုန်တက္ကသိုလ်တွင် ဆက်လက် ပညာသင်ကြားခဲ့ပြီး ၁၉၅၀ ပြည့်နှစ်တွင် ဥပစာတန်း၊ ၁၉၅၃-ခုနှစ်တွင် ဝိဇ္ဇာ(ဂုဏ်ထူးတန်း) ကို အောင်မြင်ခဲ့သည်။ ၁၉၆၀ ပြည့်နှစ်တွင် ရန်ကုန်တက္ကသိုလ်မှ မဟာဝိဇ္ဇာဘွဲ့ကို ရရှိသည်။ ၁၉၅၃-ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်၊ မြန်မာစာဌာန၌ နည်းပြအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၅၄-ခုနှစ်တွင် မော်လမြိုင်ကောလိပ်တွင် လက်ထောက်ကထိက၊ ၁၉၅၅-ခုနှစ်မှ ၁၉၅၇-ခုနှစ်အထိ စစ်တက္ကသိုလ်တွင် လက်ထောက်ကထိက တာဝန်များကို ထမ်းဆောင်သည်။ ၁၉၅၇-ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်၊ ပုသိမ်တက္ကသိုလ်၊ ရန်ကုန်ဝိဇ္ဇာသိပ္ပံတက္ကသိုလ်၊ မော်လမြိုင်ကောလိပ် တို့တွင် ကထိကအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ၁၉၉၂-ခုနှစ်တွင် မြန်မာစာအဖွဲ့သို့ ပြောင်းရွှေ့၍ စာတည်းမှူးချုပ်၊ ညွှန်ကြားရေးမှူးရာထူးများကို ၁၉၉၅-ခုနှစ်ထိ တာဝန် ထမ်းဆောင်ခဲ့ပါသည်။ ညွှန်ကြားရေးမှူးဖြင့် …Continue reading →

ဒေါ်မြင့်သန်း (ကထိကဒေါ်မြင့်သန်း)

ဆရာမကြီး ဒေါ်မြင့်သန်း(ကထိကဒေါ်မြင့်သန်း)ကို  ဦးကြင်သိန်း၊ ဒေါ်မမကြီးတို့က ၁၉၂၅-ခုနှစ် တွင် ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်၌ ဖွားမြင်သည်။ အမည်ရင်း ဒေါ်မြင့်သန်း ဖြစ်သည်။ ၁၉၄၁ ခုနှစ်တွင် မြို့မအမျိုးသမီးအထက်တန်းကျောင်း၊ ရန်ကုန်မြို့ မြို့မအထက်တန်းကျောင်း (မြို့မ တိုင်းရင်းသူအထက်တန်းကျောင်းမှ) ဆယ်တန်းအောင်ပြီး ရန်ကုန်တက္ကသိုလ်သို့ တက်ရောက် ခဲ့သည်။ စစ်ကြီးအပြီး ၁၉၄၅ ခုနှစ်တွင် အရေးပေါ်တက္ကသိုလ်သို့ (E.U.C.) နှင့် ရန်ကုန်တက္ကသိုလ် သို့ ပြန်လည် ဝင်ရောက်ခဲ့သည်။ ၁၉၄၉ ခုနှစ်တွင် မြန်မာဝိဇ္ဇာ ဂုဏ်ထူးတန်း (ပထမတန်း) (First Class) ဖြင့် အောင်သည်။ ၁၉၄၉- ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်က မဟာဝိဇ္ဇာဂုဏ်ထူးတန်းကို ဂုဏ်ထူးအမှတ် (Distination) ဖြင့် အောင်မြင်ခဲ့သည်။ ၁၉၄၉-ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်တွင် အချိန်ပြည့်နည်းပြ၊  ၁၉၅၀ ပြည့်နှစ်တွင် ရန်ကုန် တက္ကသိုလ်တွင် လက်ထောက်ကထိကတာဝန်၊ မော်လမြိုင်ကောလိပ်တွင် လက်ထောက်ကထိက တာဝန်ဖြင့်လည်းကောင်း၊ …Continue reading →

ဒေါ်ကြန်(မကြန်)

ဒေါ်ခင်ခင်မ

ဒေါက်တာသန်းထွန်း

ဦးဝင်းဖေ

ဆရာကြီးဦးဝင်းဖေကို ၁၉၂၈-ခုနှစ်၊ မတ်လ ၂၁ ရက်တွင် ရန်ကုန်မြို့တွင် မွေးဖွားခဲ့ပါသည်။ အဖ ဦးဘိုးအုံး၊ အမိ ဒေါ်ထားရင် ဖြစ်သည်။ ဆရာကြီးသည် ရန်ကုန်တက္ကသိုလ်မှ ၁၉၅၁-ခုနှစ်တွင် ဝိဇ္ဇာ(ဂုဏ်ထူး)ကိုလည်းကောင်း၊ ၁၉၅၈-ခုနှစ်တွင် အမ်ပီအေ ဘွဲ့ကို ဟားဗတ်တက္ကသိုလ်ကလည်းကောင်း ရရှိခဲ့ပါသည်။ ၁၉၅၃-ခုနှစ်တွင် အုတ်တွင်းတွင် မြို့ပိုင်၊ ၁၉၅၃-ခုနှစ်မှ ၁၉၅၅-ခုနှစ်အထိ ပဲခူးတွင် နယ်ပိုင်၊ ၁၉၅၅-ခုနှစ်တွင် အင်းစိန်တွင် မြို့မဝန်ထောက်ကြီး၊ ၁၉၅၅-ခုနှစ်မှ ၁၉၆၀ ပြည့်နှစ်တွင် အမျိုးသားစီမံကိန်းတွင် အတွင်းဝန်ကလေး၊ ၁၉၆၀ ပြည့်နှစ်မှ ၁၉၆၂-ခုနှစ်အထိ ငွေရင်းနှီးရေးကော်မတီတွင် အတွင်းရေးမှူး၊ ၁၉၆၂-ခုနှစ်မှ ၁၉၆၅-ခုနှစ်အထိ အမျိုးသားစီမံကိန်းတွင် ဒုတိယအတွင်းဝန်၊ ၁၉၆၅-ခုနှစ်မှ ၁၉၇၃-ခုနှစ်အထိ  တော်လှန်ရေးအစိုးရအဖွဲ့ ဥက္ကဋ္ဌရုံးတွင် ဒုတိယအတွင်းဝန်၊ ၁၉၇၃-ခုနှစ် မှ ၁၉၈၀ ပြည့်နှစ်တွင် သုတေသနမူဝါဒအဖွဲ့တွင် ညွှန်ကြားရေးမှူး၊ ၁၉၈၂-ခုနှစ်မှ ၁၉၈၄-ခုနှစ်အထိ အနုပညာဦးစီးဌာနတွင် ညွှန်ကြားရေးမှူးချုပ်၊ …Continue reading →

ဒေါ်ရင်ရင်(စောမုံညင်း)

ဦးထင်ဖတ်(မောင်ထင်)

ဦးစိုးမောင်(သာဂရငစိုး)

ဦးစိုးမောင် ဆရာကြီးဦးစိုးမောင်ကို အဖ ဦးလူဒင်၊ အမိ ဒေါ်အုန်းမေတို့က ၁၉၂၀-ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့တွင် ထားဝယ်မြို့တွင် မွေးဖွားခဲ့ပါသည်။ ကလောင်အမည် မှာ သာဂရ-ငစိုး ဖြစ်သည်။ ၁၉၃၂-ခုနှစ်တွင် ထားဝယ်မြို့၊ အင်္ဂလိပ်-မြန်မာအထက်တန်းကျောင်းတွင် အလယ်တန်းပညာကို သင်ယူခဲ့သည်။ ၁၉၃၅-ခုနှစ်တွင် ထားဝယ်မြို့၊ အင်္ဂလိပ်-မြန်မာအထက်တန်းကျောင်းက တက္ကသိုလ် ဝင်တန်း အောင်မြင်ခဲ့ပါသည်။ ၁၉၃၈-ခုနှစ်တွင် ရန်ကုန် တက္ကသိုလ်မှ ဥပစာတန်းအောင်မြင်ခဲ့သည်။ ဆရာကြီးသည် ၁၉၃၉-ခုနှစ်မှ ၁၉၄၀-ပြည့်နှစ်အထိ ငွေစာရင်းမင်းကြီးရုံးတွင် အထက်တန်းစာရေး၊ ၁၉၄၁-ခုနှစ်တွင် စာရေးဆရာအသင်းတွင် လက်ထောက်စာကြည့်တိုက်မှူး၊ ၁၉၄၂-ခုနှစ်တွင် ဂရိတ်အေးရှား (ဂျပန်) တွင် ဘာသာပြန်အယ်ဒီတာ၊ ၁၉၄၃-ခုနှစ်မှ ၁၉၄၅-ခုနှစ်ထိ ဗမာ့ကာကွယ်ရေးတပ်မတော်၊ ပြည်သူ့ဆက်ဆံရေးဌာနတွင် သတင်းပြန်ကြားရေးမှူး၊ ၁၉၄၆-ခုနှစ်မှ ၁၉၄၇-ခုနှစ်ထိ ဗမာ့ခေတ်သတင်းစာတွင် ဘာသာပြန်အယ်ဒီတာ၊ ၁၉၄၇-ခုနှစ်မှ ၁၉၅၂-ခုနှစ်တွင် မြန်မာ့အလင်းသတင်းစာတွင် လက်ထောက်အယ်ဒီတာ၊ သွေးသောက်မဂ္ဂဇင်းတွင် အယ်ဒီတာ၊ ကျောင်းသားသတင်းစာတွင် …Continue reading →

ဦးချမ်းသာ(လက်ဝဲမင်းညို လက်ဝဲစံထား)