မြန်မာစာအဖွဲ့ဝင်များ


ဒေါက်တာဒေါ်ခင်ဆွေမြင့်

ဆရာမဒေါ်ခင်ဆွေမြင့်ကို ၁၉၄၇-ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်နေ့တွင် အဖကျောင်းဆရာ ဦးမြင့်သိန်းနှင့် အမိ ဒေါ်အေးမြင့်တို့ က မော်လမြိုင်မြို့တွင် ဖွားမြင်သည်။ အလယ်တန်းပညာနှင့် အထက်တန်းပညာကို မော်လမြိုင်မြို့ မော်တင်မိန်းဂျက်ဆင်ကျောင်းတွင် ပညာသင်ကြားခဲ့သည်။ ၁၉၆၄-ခုနှစ်မှ ၁၉၆၆-ခုနှစ်အထိ မော်လမြိုင်တက္ကသိုလ်၊ ၁၉၆၆-ခုနှစ်မှ ၁၉၇၀ ပြည့်နှစ်အထိ ရန်ကုန်တက္ကသိုလ်တို့တွင် ပညာသင်ကြားခဲ့ပြီး ရန်ကုန်တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ ရရှိသည်။       – ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်က မဟာဝိဇ္ဇာဘွဲ့ကို ရရှိသည်။ ၂၀၀၈-ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်က Ph.D ဘွဲ့ကို ရရှိ ခဲ့သည်။ လုပ်သားကောလိပ်၊ မော်လမြိုင်ကောလိပ်၊ ဆေးတက္ကသိုလ်-၂ ရန်ကုန်တို့တွင် နည်းပြ၊ စစ်တွေဒေသကောလိပ်တွင် ဌာနမှူး၊ လားရှိုးကောလိပ်၊ မော်လမြိုင်တက္ကသိုလ်၊ ရေဆင်းတက္ကသိုလ်တို့တွင် လက်ထောက်ကထိက၊ ရေဆင်းတိ-မွေး-ကုတက္ကသိုလ်၊ မိတ္ထီလာကောလိပ်၊ ရန်ကုန်တက္ကသိုလ် တို့တွင် ကထိက၊ ပဲခူးဒီဂရီကောလိပ်၊ ရန်ကုန်တက္ကသိုလ်တို့တွင် တွဲဖက်ပါမောက္ခ၊ ရန်ကုန်တက္ကသိုလ်တွင် ပါမောက္ခ၊ …Continue reading →

ဒေါက်တာဒေါ်ခင်သိန်း

ဆရာမကြီးဒေါ်ခင်သိန်းကို ၁၉၃၇-ခုနှစ်၊ စက်တင်ဘာလ ၆ ရက်နေ့တွင် အဖ ဦးလှထွန်း၊ အမိ ဒေါ်ယဉ်ယဉ်တို့မှ မွေးဖွားသည်။ ရခိုင်ပြည်နယ်၊ တောင်ကုတ်ဇာတိ ဖြစ်သည်။ ၁၉၅၄-ခုနှစ်အထိ တောင်ကုတ်အစိုးရအထက်တန်းကျောင်းတွင် ပညာသင်ယူခဲ့သည်။ ၁၉၅၄-ခုနှစ်မှ ၁၉၅၆-ခုနှစ်အထိ ကျောက်ဖြူဥပစာကောလိပ်၊ ၁၉၅၆-ခုနှစ်မှ ၁၉၅၉-ခုနှစ်အထိ ရန်ကုန်တက္ကသိုလ်တို့တွင် ပညာသင်ယူခဲ့သည်။ ၁၉၅၉-ခုနှစ်တွင် ဝိဇ္ဇာဂုဏ်ထူးဘွဲ့၊ ၁၉  -ခုနှစ်တွင် မဟာဝိဇ္ဇာဘွဲ့၊ ၁၉  – ခုနှစ်တွင် ဂုဏ်ထူးဆောင်စာပေပါရဂူဘွဲ့ ရရှိသည်။ ဂျာမန်-ဒီပလိုမာ ရရှိခဲ့သည်။ ရန်ကုန်တက္ကသိုလ်၊ ပါဠိဌာနတွင် လက်ထောက်ကထိက၊ ရန်ကုန်တက္ကသိုလ်၊ အရှေ့တိုင်းပညာဌာနတွင် လက်ထောက်ကထိက၊ ကထိက၊ တွဲဖက်ပါမောက္ခ၊ ရန်ကုန်အဝေးသင်တက္ကသိုလ်တွင် ပါမောက္ခ၊ ဌာနမှူး၊ ရန်ကုန် အရှေ့တိုင်းပညာဌာနတွင် ပါမောက္ခ၊ ဌာနမှူးတာဝန်များ ထမ်းဆောင်ခဲ့သည်။ ၂၀၀၆-ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် မြန်မာစာဌာန၊ ပါမောက္ခဌာနမှူးတာဝန်မှ အငြိမ်းစားယူခဲ့သည်။ ၂၀၀၇-ခုနှစ်တွင် ပါဠိအကြံပေး၊ အဖွဲ့ဝင်(အချိန်ပိုင်း)တာဝန် ထမ်းဆောင်သည်။ …Continue reading →

ဦးတင်ခ (တက္ကသိုလ်တင်ခ)

ဦးတင်ခ (တက္ကသိုလ်တင်ခ) ဆရာကြီးဦးတင်ခကို ၁၉၄၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့တွင် သထုံမြို့၊ ကတိုက်ကလေးကျေးရွာတွင် အဖ ဦးချစ်ကျော်၊ အမိ ဒေါ်သန်းရင်တို့က မွေးဖွားခဲ့ပါသည်။ ၁၉၅၆-ခုနှစ်တွင် ရန်ကုန်မြို့၊ တာမွေအစိုးရအထက်တန်းကျောင်းမှ တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့သည်။ ၁၉၆၀ ပြည့်နှစ် တွင် ဝိဇ္ဇာဘွဲ့ရရှိခဲ့သည်။ ၁၉၇၉-ခုနှစ်တွင် မဟာဝိဇ္ဇာဘွဲ့ကို ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည်။ ၁၉၆၀ ပြည့်နှစ်တွင် ရန်ကုန်တက္ကသိုလ်တွင် မြန်မာစာနည်းပြ၊ ၁၉၆၀ ပြည့်နှစ်မှ ၁၉၆၄-ခုနှစ်အထိ အောင်ဆန်းသူရိယ လှသောင်းကျောင်းတွင် အထက်တန်းပြဆရာ၊ ၁၉၆၅-ခုနှစ်မှ ၁၉၆၉-ခုနှစ်အထိ အမှတ် (၉၇) ခြေလျင်တပ်ရင်း၌ တပ်စုမှူး၊ တပ်ခွဲမှူး၊ ၁၉၆၉-ခုနှစ်မှ ၁၉၉၅-ခုနှစ်အထိ စစ်တက္ကသိုလ်တွင် နည်းပြ၊ လက်ထောက်ကထိက၊ ကထိက၊ ပါမောက္ခ၊ လက်ထောက်စာပေညွှန်ကြားရေးမှူးတာဝန်များကို ထမ်းဆောင်ခဲ့သည်။ ၁၉၉၅-ခုနှစ်မှ ၂၀၀၀ ပြည့်နှစ်အထိ ပြန်ကြားရေး ဝန်ကြီးဌာန၊ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းတွင် …Continue reading →

ဒေါက်တာစံလွင် (တောင်ခိုး)

ဆရာကြီးဦးစံလွင်ကို ၁၉၃၈-ခုနှစ်၊ အောက်တိုဘာလ ၁၀ရက်နေ့တွင် အဖဦးသန်းမောင်၊ အမိ ဒေါ်ချစ်တို့က ရန်ကုန်မြို့၌ မွေးဖွားသည်။ ၁၉၄၅-ခုနှစ်မှ ၁၉၄၉-ခုနှစ်ထိ မူလတန်းပညာကို ရန်ကုန် ပညာရေးတက္ကသိုလ်လေ့ကျင့်ရေး ကျောင်း၊  ၁၉၅၀-ခုနှစ်မှ ၁၉၅၅-ခုနှစ်အထိ အထက(၁)ဒဂုံ (Mathodict English Highschool) တွင် ပညာသင်ယူခဲ့သည်။ ၁၉၅၅-ခုနှစ်တွင် တက္ကသိုလ်ဝင်တန်းကို ပထမအဆင့်ဖြင့် ထူးချွန်စွာ အောင်၍ စစ်တက္ကသိုလ် အပတ်စဉ် (၁) ဗိုလ်လောင်းအဖြစ် အရွေးခံရသည်။ ၁၉၅၉-ခုနှစ်တွင် ဝိဇ္ဇာဘွဲ့ (pass with credit) ရရှိသည်။ ၂၀၁၂-ခုနှစ်တွင် ဂုဏ်ထူးဆောင်စာပေပါရဂူဘွဲ့ Doctor of Letters (D.Litt.) ကို ချီးမြှင့်ခြင်းခံရသည်။ ၁၉၅၅-ခုနှစ်တွင် ဆက်သွယ်ရေးတပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်သည်။ အမှတ်(၁) ရှမ်း သေနတ်ကိုင်တပ်ရုံး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) တာဝန်ဌာနစု၊ စီမံရေးရာဌာနစု၊ အမှတ်(၁)ချင်းသေနတ်ကိုင်တပ်ရင်း၊ အမှတ် ၂၀ ခြေလျင်တပ်ရင်း၊ အနောက်ပိုင်းတိုင်း …Continue reading →

ဒေါက်တာခင်အေး (မောင်ခင်မင်-ဓနုဖြူ)

ဆရာဦးခင်အေးကို ၁၉၄၂-ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်နေ့တွင် ဓနုဖြူမြို့နယ်၊ ကျုံတစ်နီးရွာ၌ အဖ-ဦးရာမနှင့် အမိ ဒေါ်စောတင်တို့က ဖွားမြင်သည်။ ၁၉၅၄ – ခုနှစ်တွင် ရန်ကုန်မြို့ မြူနီစီပယ် ပညာရေးအဖွဲ့ကစစ်ဆေးသော စတုတ္ထန်းစာမေးပွဲကို ပထမအဆင့်မှ အောင်မြင်သည်။ ၁၉၅၇- ခုနှစ်၊ သတ္တမတန်းနှင့်အလယ်တန်းပညာသင်ဆု (စကောလားရှစ်) စာမေးပွဲတွင် အမှတ်အများဆုံးဖြင့် အောင်သဖြင့် အလယ်တန်းပညာသင်ဆု (စကောလားရှစ်) ဆု ရရှိခဲ့သည်။ ၁၉၅၉-ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် တစ်ပြည်လုံး၌ မြန်မာစာအမှတ်အများဆုံးဖြင့် အောင်မြင်သည့်အတွက် ငွေတာရီရွှေတံဆိပ်နှင့် လှသမိန် ရွှေတံဆိပ် ချီးမြှင့်ခံရသည်။ တက္ကသိုလ်ပညာသင်ဆု ရသည်။  ၁၉၆၃- ရန်ကုန်တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ (အထွေထွေဂုဏ်ထူး) ရရှိသည်။ ၁၉၆၉-ခုနှစ်တွင်  မဟာဝိဇ္ဇာဘွဲ့(ဂုဏ်ထူး) ရရှိခဲ့သည်။ ၂၀၀၂-ခုနှစ်တွင် ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ Doctor of Letters(Honoris Causa) ကို ချီးမြှင့်ခြင်း ခံရသည်။ ၂၀၀၇-ခုနှစ်တွင် ဝိဇ္ဇာပညာထူးချွန်တံဆိပ် …Continue reading →

ဦးမြတ်ကျော်

  ဆရာကြီးဦးမြတ်ကျော်ကို ၁၉၃၅-ခုနှစ်၊ မေလ၂၀ ရက်နေ့တွင် အဖ ဦးဖကျော်နှင့် အမိ ဒေါ်သာနု တို့က မြောက်ဦးမြို့နယ်၊ ပျားတဲကျေးရွာ၌ မွေးဖွားခဲ့သည်။ ဆရာကြီးသည် ငယ်စဉ်က မြောက်ဦးမြို့နယ်၊ မှိုဟင်းကျေးရွာဆရာတော်နှင့် စက်သွားကျေးရွာ ဆရာတော်တို့ထံတွင် အခြေခံပရိယတ္တိစာပေများကို သင်ယူခဲ့သည်။ အသက် ၁၁ နှစ်အရွယ်တွင် ရှင်သာမဏေဘဝဖြင့် မြောင်းမြမြို့ ပဇ္ဇောတာရုံကျောင်းတိုက်တွင် ပရိယတ္တိစာပေများကို လေ့လာ သင်ယူသည်။ ရွှေကျင်သာသနာပိုင်ဆရာတော်၊ အင်္ဂလန်ဆရာတော်၊ မှော်ဘီသာသနာ့ဝန်ဆောင် ကျောင်းတိုက် အလင်္ကာပန်းကုံးဆရာတော် စသည့် ဆရာတော်များထံတွင် ပရိယတ္တိစာပေများကို ဆက်လက်သင်ယူသည်။ အသက် ၂၀ အရွယ်တွင် နိုင်ငံတော်အစိုးရပါဠိပထမပြန် ငယ်၊ လတ်၊ ကြီး စာမေးပွဲများ၊ ပထမကျော်စာမေးပွဲနှင့် ဓမ္မာစရိယစာချတန်း စာမေးပွဲများကို ဂုဏ်ထူးဖြင့် အောင်မြင်သည်။ သာသနဓဇသိရီပဝရဓမ္မာစရိယဘွဲ့တံဆိပ် ရရှိသည်။ ထို့ပြင် ရန်ကုန်မြို့ စေတိယင်္ဂအဘိဝံသဘွဲ့နှင့် ညောင်တုန်းမြို့ မြန်မာနိုင်ငံလုံးဆိုင်ရာ သုဓမ္မာ …Continue reading →

ဦးကျော်အောင်

ဆရာကြီးဦးကျော်အောင်ကို ၁၉၂၈-ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ပခုက္ကူမြို့၊ ပေါင်းလောင်းရှင်ရပ်တွင် အဖ ဦးကျင်မောင်၊ အမိ ဒေါ်တင်မြင့်တို့မှ မွေးဖွားခဲ့သည်။ ငယ်နာမည် အောင်ကြည် ဖြစ်သည်။ အလယ်တန်းပညာကို ပခုက္ကူမြို့ ဝက်စလီကျောင်းတွင် ပညာသင်ကြားခဲ့သည်။  ဂျပန်ခေတ်တွင် ဗမာ့တပ်မတော်သို့ ဝင်၍ ပဉ္စမပတ် ဗိုလ်သင်တန်းတွင် တက်ရောက်ခဲ့သည်။ ဒုတိယကမ္ဘာစစ်အပြီး ၁၉၄၆-ခုနှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ပြီး ဆေးတက္ကသိုလ်သို့ တက်ရောက်ခွင့် ရရှိခဲ့သည်။ ၁၉၅၄-ခုနှစ်တွင် ဝိဇ္ဇာစာမေးပွဲ အောင်မြင်ခဲ့သည်။ ၁၉၅၇-ခုနှစ်တွင် တက္ကသိုလ်ဘာသာပြန်ဌာနတွင် လက်ထောက်စာတည်း၊ ၁၉၅၈-ခုနှစ်မှ ၁၉၈၇-ခုနှစ်အထိ တက္ကသိုလ်များ ဘာသာပြန်နှင့် ထုတ်ဝေရေးဌာနတွင် စာတည်းမှူးအထိ တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၉၆-ခုနှစ်တွင် မြန်မာစာအဖွဲ့ အဖွဲ့ဝင်အဖြစ် ခန့်အပ်ခြင်းခံရသည်။ ဆရာကြီးသည် ၁၉၈၇-ခုနှစ်တွင် အာရှဒေသ ယူနက်စကိုအဖွဲ့ခွဲက ကျင်းပသော စာအုပ်ထုတ်ဝေရေးသင်တန်းသို့ တက်ရောက်ရန် ဂျပန်နိုင်ငံသို့လည်းကောင်း၊ ၁၉၈၄-ခုနှစ်တွင် ကလေးသူငယ်များအတွက် သုတရတနာသိုက် …Continue reading →

ဦးတင်လွင်

ဆရာကြီးဦးတင်လွင်ကို ၁၉၂၈-ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်တွင် အဖ ဦးအောင်သိန်း၊ အမိ ဒေါ်စိန်းတို့မှ ရန်ကုန်မြို့တွင် မွေးဖွားခဲ့ပါသည်။ ၁၉၄၀-ခုနှစ်တွင် အလယ်တန်းပညာကို ရန်ကုန်ဟိုက်စကူးကျောင်း၊ ၁၉၄၄- အထက်တန်းပညာကို နိုင်ငံတော်စံပြအထက်တန်းကျောင်းတို့တွင်လည်းကောင်း သင်ကြား ခဲ့ပြီး တက္ကသိုလ်ဝင်တန်းကို ၁၉၄၆-ခုနှစ်တွင် အလွတ်ဖြေဆိုအောင်မြင်ခဲ့သည်။ ၁၉၅၁-ခုနှစ်တွင် ဝိဇ္ဇာ (ဂုဏ်ထူး) ဘွဲ့ကို ရရှိခဲ့သည်။ ၁၉၆၂-ခုနှစ်တွင် မဟာဝိဇ္ဇာဘွဲ့ကို လန်ဒန်တက္ကသိုလ်မှ ရရှိခဲ့သည်။ ဆရာကြီးသည် ၁၉၅၂ ခုနှစ်မှ ၁၉၅၄-ခုနှစ်အထိ ရန်ကုန်တက္ကသိုလ်တွင် နည်းပြဆရာ၊ ၁၉၅၄-ခုနှစ်မှ ၁၉၆၃-ခုနှစ်ထိ ကျောက်ဖြူကောလိပ်တွင် လက်ထောက်ကထိက၊ ၁၉၆၃-ခုနှစ်မှ ၁၉၆၆-ခုနှစ်ထိ ပုသိမ်ကောလိပ်တွင် ကထိက၊ ၁၉၆၉-ခုနှစ်မှ ၁၉၈၇-ခုနှစ်အထိ မန္တလေးတက္ကသိုလ် အရှေ့တိုင်းပညာဌာနတွင် ကထိက(ဌာနမှူး)၊ ပါမောက္ခ၊ ၁၉၈၇-ခုနှစ်မှ ၁၉၈၉-ခုနှစ်အထိ ရန်ကုန်တက္ကသိုလ် အရှေ့တိုင်းပညာဌာနတွင် ပါမောက္ခအဖြစ်လည်းကောင်း တာဝန်များကို ထမ်းဆောင်ခဲ့ပါသည်။ ၁၉၈၈-ခုနှစ်မှ ၂၀၀၁-ခုနှစ်အထိ …Continue reading →

ဒေါက်တာထွန်းတင့်

 ဆရာကြီးကို ၁၉၃၅-ခုနှစ် မတ်လ ၁၆ ရက်နေ့တွင် ဂန့်ဂေါမြို့၌ အဖ ကျောင်းဆရာ ဦးသာကြွယ်၊ အမိ ဒေါ်ရွှေမတို့က မွေးဖွားခဲ့ပါသည်။ ၁၉၅၃-ခုနှစ် တက္ကသိုလ်ဝင်တန်းအထိ ဂန့်ဂေါအထက်တန်းကျောင်းတွင် ပညာဆည်းပူးခဲ့သည်။ ၁၉၅၈-ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်က ဝိဇ္ဇာ(ဂုဏ်ထူး) ဘွဲ့ကို ရရှိခဲ့သည်။ ၁၉၇၁-ခုနှစ်တွင် မန္တလေးတက္ကသိုလ်က မဟာဝိဇ္ဇာဘွဲ့ကို ရရှိခဲ့သည်။ ၂၀၁၂-ခုနှစ်တွင် ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ Doctor of Letters (      ) ကို ချီးမြှင့်ခြင်းခံရသည်။ ၁၉၅၈-ခုနှစ်မှ ၁၉၇၄-ခုနှစ်အထိ ပုသိမ်ကောလိပ်၊ မကွေးကောလိပ်၊ မန္တလေးတက္ကသိုလ်၊ ရန်ကုန်တက္ကသိုလ်တို့တွင် လက်ထောက်ကထိက၊ ၁၉၇၄-ခုနှစ်မှ ၁၉၇၇-ခုနှစ်အထိ တရုတ်နိုင်ငံ၊ ပီကင်းတက္ကသိုလ်တွင် မြန်မာစာဆရာ၊ ၁၉၇၇-ခုနှစ်မှ ၁၉၈၀-ခုနှစ်အထိ ရန်ကုန်တက္ကသိုလ်၊ မော်လမြိုင်တက္ကသိုလ်တို့တွင် ကထိက၊ ၁၉၈၁-ခုနှစ်မှ ၁၉၉၅-ခုနှစ်အထိ မြန်မာစာအဖွဲ့ဦးစီးဌာန တွင် စာတည်း၊ စာတည်းမှူး၊ စာတည်းမှူးချုပ်၊ ညွှန်ကြားရေးမှူးတာဝန်များကို ထမ်းဆောင် …Continue reading →

ဦးကိုလေး (ဇေယျာမောင်)

ဦးကိုလေး (ဇေယျာမောင်) ဆရာကြီးဦးကိုလေးကို ၁၉၁၃-ခုနှစ်၊ ဩဂုတ်လ ၂၃ ရက်နေ့တွင် စစ်ကိုင်းမြို့၌ အဖ ဦးကောင်း အမိ ဒေါ်တင်တို့က မွေးဖွားခဲ့သည်။ စစ်ကိုင်းမြို့၊ အစိုးရအထက်တန်းကျောင်း၊ မန္တလေးမြို့၊ ဥပစာကောလိပ်နှင့် ရန်ကုန်တက္ကသိုလ်တို့တွင် ပညာသင်ကြားခဲ့သည်။ ၁၉၃၄-ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဘီအက်စ်စီ၊ ဓာတုဗေဒဂုဏ်ထူးဖြင့် ဘွဲ့ရရှိခဲ့သည်။ ၁၉၃၆-ခုနှစ်တွင် လန်ဒန်တက္ကသိုလ် မှ M.Sc (Lond) A.I.C.D.I.C ဘွဲ့များ ရရှိသည်။ ၁၉၅၀-၅၆-ခုနှစ်များတွင် အမေရိကန်နိုင်ငံ၊ ကော်နဲလ်တက္ကသိုလ်နှင့် ကိုလံဘီယာတက္ကသိုလ်တို့တွင် တက္ကသိုလ်များ အုပ်ချုပ်ရေးပညာရပ်များအတွက် ဘွဲ့လွန်သင်တန်းများ တက်ခဲ့သည်။ ၁၉၃၅-ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် ဓာတုဗေဒဌာနတွင် နည်းပြဆရာ၊ ၁၉၄၁-ခုနှစ်မှ ၁၉၄၅-ခုနှစ်အထိ စိုက်ပျိုးရေး ကောလိပ်၊ ၁၉၄၅-၄၆-ခုနှစ်တွင် အထက်မြန်မာပြည် ပြန်ကြားရေးဌာန၊ ပြည်သူ့ဆက်ဆံရေးအရာရှိချုပ်၊ ၁၉၄၇-ခုနှစ်မှ ၁၉၅၇-ခုနှစ်အထိ မန္တလေးကောလိပ်ကျောင်းအုပ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ထို့​နောက် မန္တလေးတက္ကသိုလ်၏ ပထမဆုံးအဓိပတိအဖြစ် အပ်နှင်းခြင်းခံရသည်။ …Continue reading →