ဦးအောင်သော်

UAThaw

ဦးအောင်သော်

ဆရာကြီးဦးအောင်သော်ကို အဖ ဦးကျော်ဇော၊ အမိ ဒေါ်တင်မြတို့မှ ၁၉၂၂-ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ကျိုက်ထိုမြို့၌ မွေးဖွားခဲ့ပါသည်။ ငယ်အမည် အပါမျှင် ဖြစ်သည်။

၁၉၆၃-ခုနှစ်မှ ၁၉၃၉-ခုနှစ်အထိ မေမြို့အစိုးရအထက်တန်းကျောင်းတွင် အလယ်တန်းပညာနှင့် အထက်တန်းပညာကို သင်ယူခဲ့သည်။ ၁၉၄၉-ခုနှစ်တွင် မန္တလေးဥပစာကောလိပ်မှ ဥပစာတန်းအောင်မြင်ခဲ့သည်။ ၁၉၅၂-ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ကို ရရှိခဲ့သည်။

၁၉၄၁-ခုနှစ်မှ ၁၉၄၂-ခုနှစ်အထိ မေမြို့၊ မြန်မာနိုင်ငံမြေတိုင်းအဖွဲ့တွင် စာရေး၊ ၁၉၄၅-ခုနှစ်တွင် မြင်းခြံ၊ ခရိုင်ဝန်ရုံးတွင် အောက်တန်းစာရေး၊ လက်ရေးတိုလက်နှိပ်စက်စာရေး၊ ၁၉၄၅-ခုနှစ်မှ ၁၉၄၆-ခုနှစ်အထိ မန္တလေး၊ ခရိုင်ဝန်ရုံးတွင် အထက်တန်းစာရေး၊ ၁၉၄၆-ခုနှစ်မှ ၁၉၅၃-ခုနှစ်အထိ မန္တလေး ရှေးဟောင်းသုတေသနဌာနတွင် ရှေးဟောင်းသုတေသနလက်ထောက်၊ ၁၉၅၃-ခုနှစ်မှ ၁၉၆၀-ပြည့်နှစ်အထိ ရှေးဟောင်းသုတေသနဌာနတွင် သုတေသနဝန်ထောက်၊ ၁၉၆၀ ပြည့်နှစ်မှ ၁၉၇၂-ခုနှစ်အထိ ရှေးဟောင်းသုတေသနဌာနတွင် ညွှန်ကြားရေးဝန်၊ ၁၉၇၂-ခုနှစ်မှ ၁၉၈၃-ခုနှစ်အထိ ရှေးဟောင်းသုတေသနဦးစီးဌာနတွင် ညွှန်ကြားရေးမှူးချုပ် တာဝန်များကို ထမ်းဆောင်ခဲ့ပါသည်။

၁၉၈၉-ခုနှစ်မှ ကွယ်လွန်ချိန် ၁၉၉၁-ခုနှစ်အထိ မြန်မာစာအဖွဲ့တွင် မြန်မာစာအဖွဲ့ဝင်အဖြစ် ခန့်အပ်ခြင်း ခံရပါသည်။

ဆရာကြီးရေးသားခဲ့သောစာအုပ်များမှာ ၁၉၆၆-ခုနှစ် အစိုးရပုံနှိပ်တိုက်မှ ထုတ်သော Exeavations at Beiktano စာအုပ်၊ ၁၉၇၂-ခုနှစ်တွင် စာပေဗိမာန်မှ ထုတ်သော Historical situ in Burma စာအုပ်များ ဖြစ်သည်။

 

admin


Leave a Reply

Your email address will not be published. Required fields are marked *