ဦးသော်ဇင်

UThawZin

ဦးသော်ဇင်

ဆရာကြီးဦးသော်ဇင်ကို ၁၉၀၇-ခုနှစ်တွင် ဧရာဝတီတိုင်း၊ ရေကြည်မြို့၌ အဖ လယ်သမား ဦးရွက်ကြီး နှင့် အမိ ဒေါ်နက်ကျော်တို့က မွေးဖွားခဲ့သည်။

ငယ်စဉ်က ဟင်္သာတမြို့၊ မြစ်ကွေ့ဆရာတော် ဦးပညာဝံသထံ၌ ပညာသင်ကြားခဲ့သည်။ ရန်ကုန်၊ မန္တလေးတို့၌ သက္ကတ၊ ဟင်ဒီနှင့် ဘင်္ဂလီစသော ဘာသာတို့ကို သင်ယူလေ့လာခဲ့၏။

၁၉၄၉-ခုနှစ်တွင် လူထုအာဘော်သတင်းစာတွင် စာတည်းအဖြစ် ဆောင်ရွက်ခဲ့ပြီး တိုင်းရင်းမေ၊ သက်လျာ၊ သင့်ဘဝ စသည့် မဂ္ဂဇင်းများတွင် စာတည်းအဖြစ် အမှုထမ်းခဲ့သည်။ ၁၉၆၁-ခုနှစ်တွင် မြန်မာစာကော်မရှင်(ယခု မြန်မာစာအဖွဲ့) တွင် အချိန်ပိုင်းစာတည်းဖြစ်လာပြီး ၁၉၈၃-ခုနှစ်တွင် မြန်မာစာအဖွဲ့တွင် အချိန်ပြည့်အဖွဲ့ဝင်ဖြစ် တာဝန်ထမ်းဆောင်သည်။ မြန်မာသဒ္ဒါနှင့် မြန်မာ အဘိဓာန်ကျမ်း၊ မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း၊ မြန်မာစကားပုံကျမ်းများ ပြုစုရာတွင် ပါဝင်ခဲ့ သည်။

ဂန္တလောကမဂ္ဂဇင်းတွင် ၁၉၃၉-ခုနှစ်မှစတင်၍ စာပေများရေးသားခဲ့သည်၊ ရသစာပေ၊ ပြဇာတ်သမိုင်း၊ ဇင်းမယ်ပြန်၊ စာဥယျာဉ်၊ နန်းစဉ်ပုစ္ဆာ၊ ပြဇာတ်ကထာ၊ သုတဉ္ဇလီ စသည့် စာပေ၊ ယဉ်ကျေးမှု၊ ဘာသာရေးကျမ်း အများအပြားကို ရေးသားခဲ့သည်။ ၁၉၆၉-ခုနှစ်တွင် စာဥယျာဉ် စာအုပ်ဖြင့် အမျိုးသားစာပေ စာပဒေသာဆုကို ရရှိခဲ့သည်။

၁၉၅၆-ခုနှစ်မှ ၁၉၆၃-ခုနှစ်အထိ မြန်မာနိုင်ငံ စာပေပြန့်ပွားရေးအသင်း၏ ဒုတိယဥက္ကဋ္ဌတာဝန်ကို ယူခဲ့သည်။

ဆရာကြီးသည် ၁၉၉၀ ပြည့်နှစ်၊ စက်တင်ဘာလ ၁၃ ရက်တွင် မြန်မာစာအဖွဲ့၏ တာဝန်များကို ထမ်းဆောင်ရင်း ကွယ်လွန်သွားခဲ့သည်။

 

 

 

admin


Leave a Reply

Your email address will not be published. Required fields are marked *