ဦးဝင်းဖေ

UWinPe

ဆရာကြီးဦးဝင်းဖေကို ၁၉၂၈-ခုနှစ်၊ မတ်လ ၂၁ ရက်တွင် ရန်ကုန်မြို့တွင် မွေးဖွားခဲ့ပါသည်။ အဖ ဦးဘိုးအုံး၊ အမိ ဒေါ်ထားရင် ဖြစ်သည်။

ဆရာကြီးသည် ရန်ကုန်တက္ကသိုလ်မှ ၁၉၅၁-ခုနှစ်တွင် ဝိဇ္ဇာ(ဂုဏ်ထူး)ကိုလည်းကောင်း၊ ၁၉၅၈-ခုနှစ်တွင် အမ်ပီအေ ဘွဲ့ကို ဟားဗတ်တက္ကသိုလ်ကလည်းကောင်း ရရှိခဲ့ပါသည်။

၁၉၅၃-ခုနှစ်တွင် အုတ်တွင်းတွင် မြို့ပိုင်၊ ၁၉၅၃-ခုနှစ်မှ ၁၉၅၅-ခုနှစ်အထိ ပဲခူးတွင် နယ်ပိုင်၊ ၁၉၅၅-ခုနှစ်တွင် အင်းစိန်တွင် မြို့မဝန်ထောက်ကြီး၊ ၁၉၅၅-ခုနှစ်မှ ၁၉၆၀ ပြည့်နှစ်တွင် အမျိုးသားစီမံကိန်းတွင် အတွင်းဝန်ကလေး၊ ၁၉၆၀ ပြည့်နှစ်မှ ၁၉၆၂-ခုနှစ်အထိ ငွေရင်းနှီးရေးကော်မတီတွင် အတွင်းရေးမှူး၊ ၁၉၆၂-ခုနှစ်မှ ၁၉၆၅-ခုနှစ်အထိ အမျိုးသားစီမံကိန်းတွင် ဒုတိယအတွင်းဝန်၊ ၁၉၆၅-ခုနှစ်မှ ၁၉၇၃-ခုနှစ်အထိ  တော်လှန်ရေးအစိုးရအဖွဲ့ ဥက္ကဋ္ဌရုံးတွင် ဒုတိယအတွင်းဝန်၊ ၁၉၇၃-ခုနှစ် မှ ၁၉၈၀ ပြည့်နှစ်တွင် သုတေသနမူဝါဒအဖွဲ့တွင် ညွှန်ကြားရေးမှူး၊ ၁၉၈၂-ခုနှစ်မှ ၁၉၈၄-ခုနှစ်အထိ အနုပညာဦးစီးဌာနတွင် ညွှန်ကြားရေးမှူးချုပ်၊ ၁၉၈၄-ခုနှစ်မှ ၁၉၈၈-ခုနှစ်အထိ အမျိုးသားမော်ကွန်းတိုက်တွင် ညွှန်ကြားရေးမှူးချုပ်တာဝန်များကို ထမ်းဆောင်ခဲ့ပါသည်။

၁၉၈၈-ခုနှစ်မှ ယနေ့အထိ မြန်မာစာအဖွဲ့တွင် မြန်မာစာအဖွဲ့ဝင်အဖြစ် ခန့်အပ်ခြင်းခံရပါသည်။

 

admin


Leave a Reply

Your email address will not be published. Required fields are marked *