ဦးမြင့်ကြည်

UMyintKyi ဆရာကြီးဦးမြင့်ကြည်ကို ၁၉၃၁-ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်နေ့တွင် အဖ ဦးဖိုးချစ်၊ အမိ ဒေါ်သန်းတို့မှ မွေးဖွားခဲ့ပါသည်။ ပြည်မြို့ဇာတိဖြစ်သည်။ ၁၉၄၈-ခုနှစ်တွင် တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးနောက် ရန်ကုန်တက္ကသိုလ်တွင် ဆက်လက် ပညာသင်ကြားခဲ့ပြီး ၁၉၅၀ ပြည့်နှစ်တွင် ဥပစာတန်း၊ ၁၉၅၃-ခုနှစ်တွင် ဝိဇ္ဇာ(ဂုဏ်ထူးတန်း) ကို အောင်မြင်ခဲ့သည်။ ၁၉၆၀ ပြည့်နှစ်တွင် ရန်ကုန်တက္ကသိုလ်မှ မဟာဝိဇ္ဇာဘွဲ့ကို ရရှိသည်။

၁၉၅၃-ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်၊ မြန်မာစာဌာန၌ နည်းပြအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၅၄-ခုနှစ်တွင် မော်လမြိုင်ကောလိပ်တွင် လက်ထောက်ကထိက၊ ၁၉၅၅-ခုနှစ်မှ ၁၉၅၇-ခုနှစ်အထိ စစ်တက္ကသိုလ်တွင် လက်ထောက်ကထိက တာဝန်များကို ထမ်းဆောင်သည်။ ၁၉၅၇-ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်၊ ပုသိမ်တက္ကသိုလ်၊ ရန်ကုန်ဝိဇ္ဇာသိပ္ပံတက္ကသိုလ်၊ မော်လမြိုင်ကောလိပ် တို့တွင် ကထိကအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ၁၉၉၂-ခုနှစ်တွင် မြန်မာစာအဖွဲ့သို့ ပြောင်းရွှေ့၍ စာတည်းမှူးချုပ်၊ ညွှန်ကြားရေးမှူးရာထူးများကို ၁၉၉၅-ခုနှစ်ထိ တာဝန် ထမ်းဆောင်ခဲ့ပါသည်။ ညွှန်ကြားရေးမှူးဖြင့် အငြိမ်းစားယူခဲ့ပါသည်။ ၁၉၉၅-ခုနှစ်တွင် မြန်မာစာအဖွဲ့ အဖွဲ့ဝင်အဖြစ် ခန့်အပ်ခြင်းခံရ၍ ယနေ့တိုင်တာဝန်များကို ထမ်းဆောင်လျက် ရှိသည်။

၁၉၈၁-ခုနှစ်မှစ၍ မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း၊ မြန်မာသဒ္ဒါ၊ မြန်မာအဘိဓာန်၊ မြန်မာစကားပုံ၊ မြန်မာဆိုရိုးစကား၊ အလိမ္မာပုံဝတ္တုများ၊ မြန်မာ-အင်္ဂလိပ် အဘိဓာန်၊ ခရီးဆောင်မြန်မာအဘိဓာန်၊ အင်္ဂလိပ်-မြန်မာအဘိဓာန်၊ စာကိုးအဘိဓာန်စာအုပ်များ ပြုစုရာတွင်လည်းကောင်း ထုတ်ဝေရာတွင် လည်းကောင်း ဆောင်ရွက်ခဲ့သည်။ ၁၉၈၁-ခုနှစ်မှစ၍ မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း၊ မြန်မာသဒ္ဒါ၊ မြန်မာအဘိဓာန်၊ မြန်မာစကားပုံ၊ မြန်မာဆိုရိုးစကား၊ အလိမ္မာပုံဝတ္တုများ၊ မြန်မာ-အင်္ဂလိပ် အဘိဓာန်၊ ခရီးဆောင်မြန်မာအဘိဓာန်၊ အင်္ဂလိပ်-မြန်မာအဘိဓာန်၊ စာကိုးအဘိဓာန် စာအုပ်များပြုစုရာတွင်လည်းကောင်း ထုတ်ဝေရာတွင်လည်းကောင်း ဆောင်ရွက်ခဲ့သည်။

ဆရာကြီးသည် ဂီတကို ဝါသနာစဉ်က ဝါသနာရှင်အဖြစ် လေ့လာလိုက်စားခဲ့သည်။ ၁၉၅၂-ခုနှစ်မှ စ၍ စန္ဒရားနီနီအပျော်တမ်း တူရိယာအဖွဲ့၌ တက္ကသိုလ်မြတ်စိုးအမည်ဖြင့် သီချင်းများ ပင်တိုင် ရေးသား၍ မြန်မာ့အသံမှ ထုတ်လွှင့်ခဲ့သည်။

စစ်ပြီးခေတ် ဂျာနယ်၊ စာစောင်များတွင် မောင်သာယာအမည်ဖြင့် ဆောင်းပါး၊ ကဗျာများ ရေးသား ခဲ့သည်။  တက္ကသိုလ်ရောက်ပြီးနောက် တက္ကသိုလ်မြတ်စိုးအမည်ဖြင့်လည်းကောင်း၊ အမည်ရင်းဖြင့် လည်းကောင်း၊ ဂီတ၊ စာပေ၊ ယဉ်ကျေးမှုဆိုင်ရာ ဆောင်းပါးများနှင့် ဝတ္ထုဆောင်းပါး၊ ကဗျာ စသည်များ ရေးသားခဲ့သည်။

မူလတာဝန်ဖြစ်သော မြန်မာစာအဖွဲ့ အချိန်ပြည့်အဖွဲ့ဝင်တာဝန်များအပြင် သာသနာရေးဝန်ကြီး ဌာန၊ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်များ ဗဟိုအုပ်ချုပ်ရေးအဖွဲ့ဝင်၊ ပြန်ကြားရေးဝန်ကြီး ဌာန၊ မြန်မာ့ရုပ်မြင်သံကြော်ငြာစိစစ်ရေးအဖွဲ့ဝင်၊ စာပေဗိမာန်အဖွဲ့၊ စာပေပညာရှင်အဖွဲ့ဝင်၊ မဟာဂီတသီချင်းကြီးများ စိစစ်ရေးနှင့် ဂီတသင်္ကေတပြုစုရေးဦးစီးကော်မတီအဖွဲ့ဝင်၊ စာသား စိစစ်ရေးဆပ်ကော်မတီဥက္ကဋ္ဌ၊ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှုတက္ကသိုလ်၊ ဂီတသင်ရိုးအဖွဲ့ ဥက္ကဋ္ဌ၊ ပညာရေးဝန်ကြီးဌာန၊ ရန်ကုန်တက္ကသိုလ်၊ မြန်မာစာသင်ရိုးအဖွဲ့ပြင်ပ ပညာရှင်၊ ရန်ကုန်တက္ကသိုလ်၊ မြန်မာစာပါရဂူဘွဲ့ ကျမ်းကြီးကြပ်ရေးအဖွဲ့ဝင်၊ အခြေခံပညာ မြန်မာစာ သင်ရိုးအဖွဲ့ဝင်တာဝန်များကို ထမ်းဆောင်လျက် ရှိပါသည်။

ဇနီးဒေါ်တင်မြင့်နှင့် သားသမီး ၃ ဦး ထွန်းကားပါသည်။ ယခုအခါ ရန်ကုန်တိုင်း ရန်ကင်းမြို့နယ် တွင် နေထိုင်ပါသည်။

admin


Leave a Reply

Your email address will not be published. Required fields are marked *