ဦးကျော်အောင်

UKA

ဆရာကြီးဦးကျော်အောင်ကို ၁၉၂၈-ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ပခုက္ကူမြို့၊ ပေါင်းလောင်းရှင်ရပ်တွင် အဖ ဦးကျင်မောင်၊ အမိ ဒေါ်တင်မြင့်တို့မှ မွေးဖွားခဲ့သည်။ ငယ်နာမည် အောင်ကြည် ဖြစ်သည်။

အလယ်တန်းပညာကို ပခုက္ကူမြို့ ဝက်စလီကျောင်းတွင် ပညာသင်ကြားခဲ့သည်။  ဂျပန်ခေတ်တွင် ဗမာ့တပ်မတော်သို့ ဝင်၍ ပဉ္စမပတ် ဗိုလ်သင်တန်းတွင် တက်ရောက်ခဲ့သည်။ ဒုတိယကမ္ဘာစစ်အပြီး ၁၉၄၆-ခုနှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ပြီး ဆေးတက္ကသိုလ်သို့ တက်ရောက်ခွင့် ရရှိခဲ့သည်။ ၁၉၅၄-ခုနှစ်တွင် ဝိဇ္ဇာစာမေးပွဲ အောင်မြင်ခဲ့သည်။

၁၉၅၇-ခုနှစ်တွင် တက္ကသိုလ်ဘာသာပြန်ဌာနတွင် လက်ထောက်စာတည်း၊ ၁၉၅၈-ခုနှစ်မှ ၁၉၈၇-ခုနှစ်အထိ တက္ကသိုလ်များ ဘာသာပြန်နှင့် ထုတ်ဝေရေးဌာနတွင် စာတည်းမှူးအထိ တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၉၆-ခုနှစ်တွင် မြန်မာစာအဖွဲ့ အဖွဲ့ဝင်အဖြစ် ခန့်အပ်ခြင်းခံရသည်။

ဆရာကြီးသည် ၁၉၈၇-ခုနှစ်တွင် အာရှဒေသ ယူနက်စကိုအဖွဲ့ခွဲက ကျင်းပသော စာအုပ်ထုတ်ဝေရေးသင်တန်းသို့ တက်ရောက်ရန် ဂျပန်နိုင်ငံသို့လည်းကောင်း၊ ၁၉၈၄-ခုနှစ်တွင် ကလေးသူငယ်များအတွက် သုတရတနာသိုက် စွယ်စုံကျမ်းပုံနှိပ်ရန် အတွက် ဟောင်ကောင်သို့ လည်းကောင်း စေလွှတ်ခြင်း ခံရသည်။

အမျိုးသားစာပေဆုစိစစ်ရွေးချယ်ရေးကော်မတီဝင်၊ ပခုက္ကူဦးအုံးဖေ စာပေဆု ရွေးချယ်ရေးအဖွဲ့ဝင်၊ မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်းအဖွဲ့ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ခဲ့သည်။

ဆရာသည် အမျိုးသားစာပေဆုဘာသာပြန်၊ အမျိုးသားစာပေဆုဝတ္တုရှည်၊ အမျိုးသားစာပေဆု ဘာသာပြန်သုတ၊ အရှေ့တောင်အာရှစာပေဆုများ ချီးမြှင့်ခြင်း ခံရသည်။

ဆရာကြီးသည် မြန်မာစာအဖွဲ့ တာဝန်များကို ထမ်းဆောင်ရင် ၁၃-၂-၂၀၀၀ ရက်နေ့တွင် ရန်ကုန်မြို့၊ စော်ဘွားကြီးကုန်း နေအိမ်တွင် ကွယ်လွန်သည်။

 

admin


Leave a Reply

Your email address will not be published. Required fields are marked *