ဦးကိုလေး (ဇေယျာမောင်)

U Ko Lay

ဦးကိုလေး (ဇေယျာမောင်)

ဆရာကြီးဦးကိုလေးကို ၁၉၁၃-ခုနှစ်၊ ဩဂုတ်လ ၂၃ ရက်နေ့တွင် စစ်ကိုင်းမြို့၌ အဖ ဦးကောင်း အမိ ဒေါ်တင်တို့က မွေးဖွားခဲ့သည်။

စစ်ကိုင်းမြို့၊ အစိုးရအထက်တန်းကျောင်း၊ မန္တလေးမြို့၊ ဥပစာကောလိပ်နှင့် ရန်ကုန်တက္ကသိုလ်တို့တွင် ပညာသင်ကြားခဲ့သည်။ ၁၉၃၄-ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဘီအက်စ်စီ၊ ဓာတုဗေဒဂုဏ်ထူးဖြင့် ဘွဲ့ရရှိခဲ့သည်။ ၁၉၃၆-ခုနှစ်တွင် လန်ဒန်တက္ကသိုလ် မှ M.Sc (Lond) A.I.C.D.I.C ဘွဲ့များ ရရှိသည်။ ၁၉၅၀-၅၆-ခုနှစ်များတွင် အမေရိကန်နိုင်ငံ၊ ကော်နဲလ်တက္ကသိုလ်နှင့် ကိုလံဘီယာတက္ကသိုလ်တို့တွင် တက္ကသိုလ်များ အုပ်ချုပ်ရေးပညာရပ်များအတွက် ဘွဲ့လွန်သင်တန်းများ တက်ခဲ့သည်။

၁၉၃၅-ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် ဓာတုဗေဒဌာနတွင် နည်းပြဆရာ၊ ၁၉၄၁-ခုနှစ်မှ ၁၉၄၅-ခုနှစ်အထိ စိုက်ပျိုးရေး ကောလိပ်၊ ၁၉၄၅-၄၆-ခုနှစ်တွင် အထက်မြန်မာပြည် ပြန်ကြားရေးဌာန၊ ပြည်သူ့ဆက်ဆံရေးအရာရှိချုပ်၊ ၁၉၄၇-ခုနှစ်မှ ၁၉၅၇-ခုနှစ်အထိ မန္တလေးကောလိပ်ကျောင်းအုပ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ထို့​နောက် မန္တလေးတက္ကသိုလ်၏ ပထမဆုံးအဓိပတိအဖြစ် အပ်နှင်းခြင်းခံရသည်။ ၁၉၉၆-ခုနှစ်တွင် မြန်မာစာအဖွဲ့တွင် အဖွဲ့ဝင်အဖြစ် ခန့်အပ်ခြင်း ခံရသည်။ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်) ဗုဒ္ဓသာသနာပြန့်ပွားရေးဌာန၌ တွဲဖက်ဌာနမှူးအဖြစ် စာပေပို့ချခဲ့သည်။

ဆရာကြီးသည် မျိုးချစ်မောင်၊ သိပ္ပံမောင်၊ ဇေယျာမောင်ကလောင်အမည်များဖြင့် ဆောင်းပါး၊ ကဗျာ၊ ဝတ္တုတိုများ ရေးသားခဲ့ သည်။ စာပေဗိမာန်ဆုများကို ဘာသာပြန်စာပေဆု သုံးနှစ်ဆက်တိုက် ရရှိသည်။  ၁၉၉၅-ခုနှစ်အတွက် ပခုက္ကူဦးအုံးဖေ တစ်သက်တာစာပေဆုနှင့် နိုင်ငံတော်ကချီးမြှင့်သော ဝိဇ္ဇာပညာထူးချွန်တံဆိပ် (ပထမဆင့်) ကို ရရှိခဲ့သည်။

ဆရာကြီးသည် ၂၀၀၃-ခုနှစ်၊ ဇွန်လ (၁၅) ရက်နေ့တွင် ကွယ်လွန်ခဲ့သည်။

admin


Leave a Reply

Your email address will not be published. Required fields are marked *