ဒေါ်မြင့်သန်း (ကထိကဒေါ်မြင့်သန်း)

DMyintThanဆရာမကြီး ဒေါ်မြင့်သန်း(ကထိကဒေါ်မြင့်သန်း)ကို  ဦးကြင်သိန်း၊ ဒေါ်မမကြီးတို့က ၁၉၂၅-ခုနှစ် တွင် ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်၌ ဖွားမြင်သည်။ အမည်ရင်း ဒေါ်မြင့်သန်း ဖြစ်သည်။ ၁၉၄၁ ခုနှစ်တွင် မြို့မအမျိုးသမီးအထက်တန်းကျောင်း၊ ရန်ကုန်မြို့ မြို့မအထက်တန်းကျောင်း (မြို့မ တိုင်းရင်းသူအထက်တန်းကျောင်းမှ) ဆယ်တန်းအောင်ပြီး ရန်ကုန်တက္ကသိုလ်သို့ တက်ရောက် ခဲ့သည်။ စစ်ကြီးအပြီး ၁၉၄၅ ခုနှစ်တွင် အရေးပေါ်တက္ကသိုလ်သို့ (E.U.C.) နှင့် ရန်ကုန်တက္ကသိုလ် သို့ ပြန်လည် ဝင်ရောက်ခဲ့သည်။ ၁၉၄၉ ခုနှစ်တွင် မြန်မာဝိဇ္ဇာ ဂုဏ်ထူးတန်း (ပထမတန်း) (First Class) ဖြင့် အောင်သည်။ ၁၉၄၉- ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်က မဟာဝိဇ္ဇာဂုဏ်ထူးတန်းကို ဂုဏ်ထူးအမှတ် (Distination) ဖြင့် အောင်မြင်ခဲ့သည်။

၁၉၄၉-ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်တွင် အချိန်ပြည့်နည်းပြ၊  ၁၉၅၀ ပြည့်နှစ်တွင် ရန်ကုန် တက္ကသိုလ်တွင် လက်ထောက်ကထိကတာဝန်၊ မော်လမြိုင်ကောလိပ်တွင် လက်ထောက်ကထိက တာဝန်ဖြင့်လည်းကောင်း၊ ရန်ကုန် ဆေးသိပ္ပံ(၂) မင်္ဂလာဒုံသို့လည်းကောင်း၊ ပညာရေးတက္ကသိုလ် (ရန်ကုန်)၊ ပုသိမ်ကောလိပ်သို့လည်းကောင်း၊ ကထိကဌာနမှူးအဖြစ် တာဝန် ပြောင်းရွှေ့ ထမ်းဆောင်ရသည်။ ၁၉၇၇-ခုနှစ်မှ ၁၉၈၅-ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်တွင် ကထိကအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၈၅-ခုနှစ် တွင် သက်ပြည့် အငြိမ်းစားယူခဲ့သည်။ ၁၉၈၅-ခုနှစ်မှ ယနေ့အထိ မြန်မာစာအဖွဲ့တွင် မြန်မာစာအဖွဲ့ဝင်အဖြစ် စာပေလုပ်ငန်းများကို ထမ်းဆောင်လျက် ရှိသည်။

ဆရာမကြီး ရေးသားခဲ့သည့်စာအုပ်များအနက် စာပေဗိမာန်မှထုတ်ဝေခဲ့သော ‘အလှသုံးဖြာ စာပဒေသာ’ (ပတွဲ၊ ဒုတွဲ) စာအုပ်သည် ၁၉၉၇ ခုနှစ်အတွက် အမျိုးသား စာပေဆု (လူငယ်စာပေ) ကို ရရှိခဲ့သည်။

မြန်မာစာအဖွဲ့ဝင် ဆရာမကြီးသည် ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်တွင် နေထိုင်လျက်ရှိသည်။

admin


Leave a Reply

Your email address will not be published. Required fields are marked *