ဒေါက်တာဒေါ်ခင်သိန်း

ဆရာမကြီးဒေါ်ခင်သိန်းကို ၁၉၃၇-ခုနှစ်၊ စက်တင်ဘာလ ၆ ရက်နေ့တွင် အဖ ဦးလှထွန်း၊ အမိ ဒေါ်ယဉ်ယဉ်တို့မှ မွေးဖွားသည်။ ရခိုင်ပြည်နယ်၊ တောင်ကုတ်ဇာတိ ဖြစ်သည်။

၁၉၅၄-ခုနှစ်အထိ တောင်ကုတ်အစိုးရအထက်တန်းကျောင်းတွင် ပညာသင်ယူခဲ့သည်။ ၁၉၅၄-ခုနှစ်မှ ၁၉၅၆-ခုနှစ်အထိ ကျောက်ဖြူဥပစာကောလိပ်၊ ၁၉၅၆-ခုနှစ်မှ ၁၉၅၉-ခုနှစ်အထိ ရန်ကုန်တက္ကသိုလ်တို့တွင် ပညာသင်ယူခဲ့သည်။ ၁၉၅၉-ခုနှစ်တွင် ဝိဇ္ဇာဂုဏ်ထူးဘွဲ့၊ ၁၉  -ခုနှစ်တွင် မဟာဝိဇ္ဇာဘွဲ့၊ ၁၉  – ခုနှစ်တွင် ဂုဏ်ထူးဆောင်စာပေပါရဂူဘွဲ့ ရရှိသည်။ ဂျာမန်-ဒီပလိုမာ ရရှိခဲ့သည်။

ရန်ကုန်တက္ကသိုလ်၊ ပါဠိဌာနတွင် လက်ထောက်ကထိက၊ ရန်ကုန်တက္ကသိုလ်၊ အရှေ့တိုင်းပညာဌာနတွင် လက်ထောက်ကထိက၊ ကထိက၊ တွဲဖက်ပါမောက္ခ၊ ရန်ကုန်အဝေးသင်တက္ကသိုလ်တွင် ပါမောက္ခ၊ ဌာနမှူး၊ ရန်ကုန် အရှေ့တိုင်းပညာဌာနတွင် ပါမောက္ခ၊ ဌာနမှူးတာဝန်များ ထမ်းဆောင်ခဲ့သည်။ ၂၀၀၆-ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် မြန်မာစာဌာန၊ ပါမောက္ခဌာနမှူးတာဝန်မှ အငြိမ်းစားယူခဲ့သည်။ ၂၀၀၇-ခုနှစ်တွင် ပါဠိအကြံပေး၊ အဖွဲ့ဝင်(အချိန်ပိုင်း)တာဝန် ထမ်းဆောင်သည်။ ၂၀၁၂-ခုနှစ်တွင် မြန်မာစာအဖွဲ့၊ အဖွဲ့ဝင်အဖြစ် ခန့်အပ်ခြင်း ခံရသည်။ ယနေ့အချိန်အထိ မြန်မာစာအဖွဲ့ဝင်တာဝန်များကို ထမ်းဆောင်လျက် ရှိပါသည်။

၂၀၀၃-ခုနှစ်မှ ၂၀၀၉-ခုနှစ်အထိ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၊ ယဉ်ကျေးမှုလုပ်ငန်းအဖွဲ့ခွဲ၌ အဖွဲ့ခွဲခေါင်းဆောင်တာဝန်ကို ဆောင်ရွက်ခဲ့ပါသည်။

admin


Leave a Reply

Your email address will not be published. Required fields are marked *