ဖွဲ့စည်းရခြင်းရည်ရွယ်ချက်

  • ၁၉၆၃ ခုနှစ်မှစတင်၍ နိုင်ငံတော်အစိုးရအဆက်ဆက်မှ မြန်မာစာပေနှင့် ဘာသာစကားကို ထိန်းသိမ်း မြှင့်တင်ခဲ့ပါသည်။
  • ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၅၀ အရ မြန်မာစာသည် ရုံးသုံးစာ ဖြစ်သဖြင့် မြန်မာစာကို ပြည်ထောင်စု တစ်ဝှမ်းလုံးရှိ တိုင်းရင်းသားအားလုံး၏ Common Language အဖြစ် လည်းကောင်း၊ တိုင်းရင်းသား အားလုံး၏ စည်းလုံးရေးမဏ္ဍိုင်အဖြစ်လည်းကောင်း ဆက်လက်ရပ်တည်သွားရန် ထိန်းသိမ်းကြရမည် ဖြစ်ပါသည်။
  • အမျိုးသားပညာရေးဥပဒေနှင့် လိုက်လျောညီထွေစွာ တိုင်းရင်းသားများ၏ စာပေ၊ ဘာသာစကား၊ ယဉ်ကျေးမှု၊ အနုပညာနှင့်ဓလေ့ထုံးစံများဖွံ့ဖြိုးရေးအတွက် တိုင်းရင်းသားစာပေနှင့် ဘာသာစကား သင်ကြားမှုကို အထောက်အကူပြုရန် လိုအပ်လာပါသည်။
  • နိုင်ငံတကာနှင့် ဆက်ဆံမှုများ တစ်မုဟုတ်ချင်း များပြားလာပြီး နိုင်ငံခြားစာပေနှင့် ယဉ်ကျေးမှုတို့ ထိုးဖောက်ဝင်ရောက်လာသဖြင့် မြန်မာစာနှင့် တိုင်းရင်းသားစာပေ၊ ဘာသာစကား၊ ယဉ်ကျေးမှုတို့ကို ထိန်းသိမ်း မြှင့်တင်ရန် လိုအပ်လာပါသည်။
  • မြန်မာစာနှင့်တိုင်းရင်းသား စာပေ၊ ဘာသာစကား၊ ယဉ်ကျေးမှုတို့ အဓွန့်ရှည်စွာ တည်တံ့ခိုင်မြဲ ဖွံ့ဖြိုး တိုးတက်စေရေးနှင့် အမျိုးသားပညာရေးဥပဒေနှင့် လိုက်လျောညီထွေသောတာဝန်များကို တိုးချဲ့ ထမ်းဆောင်နိုင်ရေးအတွက် မြန်မာစာနှင်‌့ဘာသာစကားဦးစီးဌာနကို ဖွဲ့စည်းရခြင်း ဖြစ်ပါသည်။